Monday, May 14, 2012

မြန်မာ့သိုင်းပညာ
        မြန်မာ့သိုင်းပညာသည် ရှေးယခင်က တရုတ်ပြည်မှ ကွန်ဖူးပညာနှင့် မနှေးမနောင်းပင်ပေါ်လာခဲ့ပါ
သည်။အဘယ်ကြောင့်ဆိုသော် ကွန်ဖူးပညာ ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို လေ့လာကြည့်လျှင်သိနိုင်၏။
တရုတ်ကွန်ဖူးပညာသည် အိန္ဒိယက ဗုဒ္ဓဘာသာဘုန်းတော်ကြီး မဟာဗောဓိဗုဒ္ဓ က တရုတ်ပြည်တွင်သာ
သနာပြုရင်းတီထွင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာ ကျင့်စဉ်ဖြစ်သော ကမ္မဌာန်းထိုင်ရာတွင် အညောင်းအညာပြေစေပြီး
သွေးလေလည်ပတ်မှု ကောင်းစေရန် ယောဂကို လှုပ်ရှားမှုပေါင်းစပ်ကာ ထွင်ခဲ့ခြင်းဖြစ်ပါသည်။ယခုခေတ်အခေါ်
ထိုက်ချိပညာဖြစ်ပါသည်။ ထိုသာသနာပြုဘုန်းကြီးနှင့် တခေတ်တည်း ပင် ဗမာလူမျိုးတို့ အစ ပျူနိုင်ငံ သို့ ဗုဒ္ဓဘာ
သာနှင့်အတူ သိုင်းပညာလဲ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့သိုင်းပညာကို အင်္ဂလိပ်ခေတ်က သိုင်းမသင်ရဟုဥပဒေထုတ်တားမြစ်ထားသောကြောင့် ရှေးဗမာကြီးများက သိုင်း အစား ဗန်ဒို၊ဗန်ရှည် ဝေါဟာရနှင့် အစားထိုးပြီး ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ဗန်ဒိုရှည်မှာ မြန်မာ့ရိုးရာသိုင်းသာဖြစ်သည်။မြန်မာနိုင်ငံတွင်ကိုလိုနီအင်္ဂလိပ်၏ဥပဒေသည် အခုခေတ်ထိ
လွမ်းမိုးနေဆဲဖြစ်ပြီး သိုင်းသင်ပေးနေသော ဗန်ဒိုဗန်ရှည် ဆရာတို့သည် အများပြည်သူ၊ အစိုးရတို့၏ မြောက်စားခြင်းကို မခံရပေ။ကမ္ဘာ့အင်အားဒုတိယအကြီးဆုံး ဂျပန်နိုင်ငံသည်ပင်လျှင် ၎င်းတို့၏ ကိုယ်
လုံပညာသည်များကို တထီးတနန်းနှင့်မြောက်စားကြသည်။၎င်းအတူပင် ကိုရီးယား၊ တရုတ်မြောက်
စားကြသည်။အစိုးရကစပြီး ထောက်ပံ့မှုအမျိုးစုံကို ပေးသောကြောင့် ကမ္ဘာကိုပင်ကျော်ကြပါသည်။
        မြန်မာနိုင်ငံတွင်ဂျပန်၊တရုတ်တို့နှင့် မတူ၊အစိုးရကလဲ နှိပ်ကွပ်။ လူအချင်းချင်းပင် သိုင်းသင်လျှင်ပင်
ငပေါလိုပင်ထင်ခံရသည်။သိုင်းသင်ယူခြင်းသည် မည်သည့်အကျိုးအပြစ်ဖြစ်သည်ကို စမ်းစစ်ကြည့်ကြပါစို့။
ကျန်းမာရေးရှုထောင့်ကကြည့်လျှင်- သိုင်းသင်ခြင်းသည် ကိုယ်လက်လှုပ်ရှားခြင်းဖြစ်သောကြောင့် နှလုံးရောဂါ၊သွေးတိုးရောဂါတို့ကို ကာကွယ်နိုင်သလို ကုသနိုင်ပါသည်။
လူမှုရေးရှုထောင့်ကကြည့်လျှင်-အုပ်စုဖွဲ့ပြီး သင်ကြားရသောကြောင့် Team work စိတ်ဓါတ်ထွန်းကားပြီး
အဖွဲ့လိုက် ဆောင်ရွက်နိုင်သည့် စည်းရုံးမှုကို ဖြစ်စေသည်။ မိတ်ဆွေ အပေါင်းအသင်းများပြားစေပါသည်။
စီးပွားရေးအရကြည့်လျှင် - သိုင်းသင်ခြင်းသည် တုတ်ဒါးလက်နက်တို့နှင့် တိုက်ခိုက်လာမှုကို ကာကွယ်ဖို့ကိုအထူးကျွမ်းကျင်အောင်လေ့ကျင့်ပေးခြင်းဖြစ်သည်။ထို့ကြောင့် မိမိ၏ ဥစ္စာစည်းစိမ်ကိုလုယက်
လာသောဒမြ၊သူခိုးတို့ကို ကာကွယ်တိုက်ခိုက်ခါ အနိုင်ယူပြီး မိမိစည်းစိမ်ကိုထိမ်းသိမ်းနိုင်ပါသည်။
နိုင်ငံရေးအရကြည့်လျှင်လဲ -မိမိ အမျိုးဘာသာ သာသနာကို စော်ကားတိုက်ခိုက်လာသော ရန်သူတို့ကို တွန်း
လှန်နိုင်ပါသည်။ယဉ်ကျေးမှုအရကြည့်လျှင်လဲ-အမျိုးသားရိုးရာ ပိုင်ဖြစ်သောမြန်မာ့ရိုးရာသိုင်းကို
တတ်မြောက်အောင်သင်ကြားခြင်းအားဖြင့် ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းရာရောက်ပေသည်။
        မြန်မာ့ရိုးရာသိုင်းသည် နိုင်ငံတကာနှင့်တန်းတူ ယုဉ်ပြိုင်နိုင်လောက်အောင်အဆင့်အတန်းမြင့်ပါသည်
အောက်ပါတို့သည် ဗန်ဒိုဆရာကြီး ရန်နိုင်၏ ဒါးမြှောင်နှင့်ထိုးသည်ကို ကာကွယ်တိုက်ခိုက်နည်းတခုဖြစ်ပါ
သည်။